ဓမ္မာနန္ဒဝိဟာရ Half Moon Bay မိလ္လာကန် အသစ်ဆောက်လုပ်ရေးအလှူ New Septic/Sewage Project

        မိလ္လာကန် အသစ်ဆောက်လုပ်ရေးအလှူ New Septic/Sewage Project


အဝင်နဲ့ အထွက် ညီမှ ဖြစ်….


ကျုပ်တို့ကျောင်းမြေ ဝယ်စဉ်တုန်းက အိမ်နှစ်လုံးပါတယ်။ ဒီနေ့ အမြင်အရ ပြောရရင် သံဃာနေတဲ့ အဆောင်နဲ့ ဆွမ်းကျောင်းလုပ်ထားတဲ့ အဆောင်ပေါ့။ ဆွမ်းစားကျောင်းလုပ်ထားတဲ့ အဆောင်ဟာ အရင်အိမ်ရှင်ရဲ့ မူလအိမ်ပါ။ သူက ပိုပြီးတော့ အသက်ကြီးပါတယ်။ သူ့ရဲ့သက်တမ်းက အခုဆို အနှစ် (၈၀)ကျော်နေပါပြီ။ 
ဘုန်းကြီးကျောင်းအဖြစ် ဝယ်လိုက်တော့ ဒီအိမ်နှစ်ခုလုံးကို ပြင်ရပါတယ်။ သံဃာဆောင်ကို ၂၀၀၁-ခုနှစ်မှာ စတင်ပြင်ပြီး ၂၀၀၃-ခု အကုန်မှာ ပြီးပါတယ်။ ဆွမ်းစားကျောင်းကိုတော့ ၂၀၀၈-ခုနှစ် စီးပွားရေးကပ် ဖြစ်နေတဲ့ ကြားကဘဲ ပြင်ဆင်မှုလုပ်ငန်းကို အရဲစွန့်ကာ စတင်ခဲ့ပြီး ၂၀၀၉-ခု အကုန်မှာ ပြီးပါတယ်။
အဲဒီဆွမ်းစားကျောင်း ပြင်တုန်းက မပြင်နိုင်လို့ ချန်ထားခဲ့ရတာ တစ်ခုရှိပါတယ်။ အဲဒါက မိလ္လာကန် (septic tank) ပါ။ ကျောင်းက မြို့ပြင်မှာမို့ အများသုံး မိလ္လာပိုက် (sewage pipe) လမ်းဘေးမှာ မရှိပါဘူး။ ဒါကြောင့် မြို့ပြင် အိမ်တွေမှာ မိလ္လာကန်ကို ထားကြရပါတယ်။ အခုလက်ရှိ မိလ္လာကန်ဟာ အိမ်သက်တမ်းအရ ပြောရလျှင် အနှစ် ၈၀-ကျော် နေပါပြီ။ မိလ္လာကန်ရဲ့ အမိုးတွေက သစ်သားနဲ့ လုပ်ထားတာမို့ အခုဆို ဆွေးပြီး ပြုတ်ကျကုန်ပါတယ်။ ဒါကြောင့် အဲဒိနေရာက sinkhole ဖြစ်သလို မြေမှာ အက်ကြောင်းတွေ ထင်ပြီး တဖြေးဖြေး နိမ့်ကျလာပါတယ်။ မိလ္လာကျင်း နေရာက အိမ်ရှေ့ ကားလမ်းဖြတ်တဲ့ နေရာအောက်မှာမို့ မြေကျွံကျမဲ့ အန္တရာယ်လဲ ရှိနေပါတယ်။ ဒါကြောင့်မို့ ကားမဖြတ်မိအောင် အချက်ပြ cone လေးတွေ ချထားပေးရပါတယ်။ 
ဒီစီမံကိန်းလုပ်ဖို့ စခဲ့တာက ၂၀၁၉- နှစ်ကုန်ပိုင်းပါ။ ဒါပေမဲ့ Covid က ထဖြစ်လိုက်တော့ ရုံးလုပ်ငန်းတွေ အကုန် တုန့်ဆိုင်းသွားပါတယ်။ အခုတော့ တင်ထားတဲ့ပါမစ် ကျတော့မယ်လို့ ပြောပါတယ်။ ကျင်းက အများသုံး ဖြစ်လို့ ဂါလံ ၃-ထောင်ဆံ့ လုပ်ရပါမယ်။ ပြီးတော့ လမ်းဟိုဘက်ခြမ်း မြက်ခင်းပြင်ဘက်မှာ လုပ်ရမှာမို့ ကတ္တရာလမ်းကို ဖေါက်ရပါမယ်။ ကျင်းဟောင်းကို ပိတ်ဖို့ ကတ္တရာတွေ ခွါထုတ်, ပြန်ပိတ်ပြီး ပြန်ခင်းပေးရပါမယ်။ 
ဒါကို ပြီးစလွယ်လုပ်လို့ မရပါဘူး။ တစ်ခုခု ဖြစ်လို့ ပြင်ရရင် အင်မတန်မှ ကုန်ကျစရိတ် များပါတယ်။ ဒါကြောင့် မိလ္လာကန်လုပ်တဲ့ ကုမ္ပဏီကြီးတွေကို အပ်ရပါတယ်။ ပါမစ်ကျခါမှ ဖြစ်ချင်တော့ Covid ပြဿနာကြောင့် အလုပ်သမားခနဲ့, ပစ္စည်းစျေးတွေက တက်ချိန်နဲ့ ကြုံနေပြန်တယ်။ ဒါကြောင့်မို့ ခန့်မှန်းချေ ဒေါ်လာ ၁-သိန်း ၂-သောင်းလောက် ကုန်ကျမယ်လို့ ဆိုပါတယ်။
ကိုင်း… အားလုံး သိကြတဲ့အတိုင်း ကျုပ်တို့က အဝင်တိုးတက်ဖို့သာ ကြိုးစားနေခဲ့ကြတာ။ အထွက်ကိုတော့ သတိ မထားမိဘူးဗျ။ ဒီကျောင်းဆောင်နဲ့ ကျောင်းဝင်းနဲ့ဆို ပွဲတွေ, တရားစခန်းတွေ, ကလေးသင်တန်းတွေ လုပ်လို့ရပြီ ဆိုပြီး လုပ်ကြတာ။ ဒါပေမဲ့ ဒီနိုင်ငံ ထုံးစံအရ အဝင်နဲ့ အထွက်က အမြဲတန်း ညီမျှရပါတယ်။ လူဦးရေများရင် များသလောက် အထွက်ကလဲ များလာပါတယ်။ ဒီလောက် လူဦးရေများရင် ကိုယ့်မှာ ဒီလောက် မိလ္လာကန်ကြီးတွေ 


တည်ဆောက်ထားရမယ် ဆိုတာကြတော့ ကျုပ်တို့က သတိ မထားမိခဲ့ကြဘူး။ 
အခုတော့... အောင့်ထားလို့ မရတဲ့ ဒုက္ခတွေကို ဖြေရှင်းဖို့ မကြာခင် မြေကျင်းတွေ တူးကြပါတော့မယ်။ အဲဒါကြောင့် ပါဝင် လှုဒါန်းလိုကြရင်ဖြင့် ကျောင်းတော်သို့ တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ, ကျောင်းဝပ်ဆိုက် tbsa.orgသို့ သွားဖြစ်စေ လှုဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
အရှင်သြသဓ
သြဂုတ်လ ၉−ရက်၊ ၂၀၂၁−ခုနှစ်၊+



Choose amount Information Payment
A donor account is created automatically for recurring donations. Account setup info will be emailed to you.
You can log in to edit your recurring donation any time
Designation
    Choose your country
      Choose your state / province
        Please fix the errors above.
        CVC CodeThe 3-4 digits on the back of your credit card
        Enter the Zip/Postal code for your credit card billing address

        You can log in to edit your recurring donation any time